စက်ရုံမရောက်မီ KTV ရောက်သွားသည့် နယ်ခံအမျိုးသမီးများ


၂၀၁၃ခုနှစ် မေလအတွင်းဖွင့်လှစ်သွားမည်ဖြစ်ကာ လူဦးရေတစ်သိန်းခန့် အလုပ်ရရှိနိုင်မည်ဟု တရားဝင် ကြေညာထားသော ပုသိမ်အထည်ချုပ်စက်ရုံကြီးမှာ အောက်ခံဖောင်ဒေးရှင်း ပြီးစီးရုံသာရှိသေးသော်လည်း အနီးဝန်းကျင်ရှိနယ်မြို့များမှ အလုပ်ရရှိရန် လာရောက်နေသော အမျိုးသမီးငယ်များ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
နယ်ကနေ အလုပ်လုပ်ချင်လို့ ပုသိမ်မှာ လာနေကြတဲ့ မိန်းကလေးတွေလည်းရှိတယ်။ အထည်ချုပ် စက်ရုံကလည်း KTV တွေ တည်းခိုခန်းနားတွေမှာ ရှိနေပြီး တော်ရုံနဲ့ဖွင့်နိုင်မယ့်အနေအထားမှာ မတွေ့ရသေးဘူး။ အဲ့ဒါ ပုသိမ်မှာလာနေတဲ့ နယ်က မိန်းကလေးတွေက စရိတ်ပြတ်ပြီး KTV မှာဝင်လုပ် နေတယ်ဆိုတာတွေ ကြားရတယ် “ ဟု ပုသိမ်မြို့ ကင်မလင်းရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြောသည်။
 
ပုသိမ်အထည်ချုပ်စက်ရုံကြီးသည် ပုသိမ်မြို့ ကင်မလင်းကျွန်း စက်မှုဇုန်တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံကြီးတည်ဆောက်ရာ အနီးတ၀ိုက်တွင် KTV နှင့် တည်းခိုခန်း (၁၀)ခုကျော် တည်ရှိနေသည့်အတွက် အလုပ်ရရှိလိုစိတ်နှင့် လာရောက်သော သာပေါင်း ၊ ငပုတော ၊ ကန်ကြီးဒေါင့် ၊ ဒါးက ၊ ငွေဆောင် နှင့် ချောင်းသာ စသည့်ဒေသများမှ အမျိုးသမီးများ အတွက် အန္တရာယ်ရှိနေကြောင်း မကြာမီက ထုတ်ဝေခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဂျာနယ်၏ အယ်ဒီတာထံ ပေးစာကဏ္ဍတွင် ဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများ ယခုကဲ့သို့ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာနေခြင်းဖြစ်သည်။
 
KTV တွေနဲ့ အချိန်ပိုင်း တည်းခိုလို့ရတဲ့ တည်းခိုခန်းတွေက ဒီနားမှာပဲ မှိုလိုပေါက်နေအောင် လာဖွင့်ထားတော့ အထည်ချုပ် စက်ရုံမှာ လာလုပ်မယ့် မိန်းကလေးတွေ မပြောနဲ့ အခုကျွန်တော်တို့ ရပ်ကွက်က မိန်းကလေးတွေ ညဘက်အပြင်ထွက်ရင်တောာင် ဘာလိုလို ညာလိုလို အထင်ခံရပြီး လိုက်စကား အပြောခံနေရတာတွေ ရှိတယ် ဟု ၁၃ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
 
အဆိုပါ KTV နှင့် တည်းခိုခန်းများရှိသည့် နေရာမှာ အထည်ချုပ်စက်ရုံသာမက ပုသိမ်တက္ကသိုလ် ၊ ဧရာဝတီတိုင်းအတွင်းမှ ၀န်ထမ်းဌာနပေါင်းစုံ ရုံးစိုက်ရာ (၁၃)ရပ်ကွက်အတွင်း ဖွင့်လှစ်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
ယခုအထည်ချုပ်စက်ရုံသည် ပုသိမ်မြို့တွင် ပထမဆုံးဖွင့်လှစ်သော အထည်ချုပ်စက်ရုံဖြစ်ပြီး လာမည့် မေလအတွင်း ဖွင့်လှစ်မည်ဟု နိုင်ငံပိုင်မီဒီယာများမှ တရားဝင်ဖော်ပြနေကြသည်။
 
၂၀၁၅ခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း အထည်ချုပ်စက်ရုံပေါင်း (၅၀)ခန့်အထိ တည်ဆောက်သွား မည်ဖြစ်ပြီး ဂျပန် ၊ ကိုရီးယားနှင့် ဟောင်ကောင်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှုများရှိနေကြောင်းကိုလည်း သိရသည်။
 မျိုးမင်းထွန်း (မြစ်မခ)
by Myit Makha Mediagroup

ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲ





မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့”မှ ဥပဒေ မူကြမ်း တစ်ရပ် ရေးဆွဲခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင်း အဝေးပြေးနှင့် မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ပုဂ္ဂလိကပိုင်မော်တော်ယာဉ် ပြေးဆွဲမှုများတွင် စနစ်တကျပြေးဆွဲနိုင်ရေး၊ ခရီးသွား ပြည်သူများနှင့် ကုန်စည်ပို့ဆောင်မှုတွင် လုံခြုံစိတ်ချမှု အပြည့်အ၀ ရရှိနိုင်ရေးနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး နှုန်းထားများ သင့်တင့်မျှတမှု ရရှိနိုင်ရေးအတွက် အဆိုပါ ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ကြောင်း သိရသည်။
ရေးဆွဲခဲ့သော ဥပဒေမူကြမ်းတွင် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၁၂ ခန်း ပါဝင်လျက်ရှိပြီး အခန်းသုံးနှင့် လေးတွင် ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ပိုင်ခွင့်များ ပါဝင်ကြောင်း၊ အခန်း ခုနစ်နှင့် ရှစ်တွင် အခွန်အခ သတ်မှတ်ခြင်းနှင့် ဘဏ္ဍာရေး၊ အခန်း ၁၁ တွင် ကော်မတီမှ ချမှတ်သည့် စည်းကမ်းများအား လိုက်နာမှု မရှိသည့် ပုဂ္ဂလိက မော်တော်ယာဉ်များအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ကြောင်း သိရသည်။
အထက်ပါ ဥပဒေ မူကြမ်းသည် ၁၉၆၃ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေ၊ ၁၉၆၄ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေ၊ ၁၉၆၅ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ စည်းကမ်းဥပဒေ၊ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉၈ တို့နှင့် မဆန့်ကျင်သမျှ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

သွေးချင်းတို့မြေမှာ ဂျိမ်းဖောတို့ ရ၀မ်အတွက် ပေးတဲ့လက်ဆောင်





       ဆွမ်ပရာဘွမ်သွေးချင်းတို့ ပျော်ရာမြေဆိုတဲ့ သီချင်းသံလေးဟာ တိုင်းရင်းသား 
 
ရင်ကြားစေ့ရေးအတွက် နားဝင်ချို ပျားသကာလောင်းတဲ့ တောင်ကျချောင်းရေစီးသံ လေးလိုဘဲ 
 
သာယာခဲ့ပါတယ်။ မြစ်ကြီးနားက ၁၃၂ မိုင်ဝေးတဲ့ တောင်ပေါ်မြို့ကလေး ဆွမ်ပရာဘွန်ကို အလည်သွားဖို့ 
 
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမယ့် မရောက်ဖြစ်ခဲ့ ပါဘူး။ သွေးချင်းတို့ပျော်ရာမြေက 
 
ရ၀မ်-လီစူးသွေးချင်းတွေရယ်၊ ပူတာအိုဒေသ ရ၀မ်- ပချိပ်သွေးချင်းတွေရယ် 
 
ရင်ထဲအမြဲရှိပြီး ပျော်ရွှင်စရာကောင်းပြီး အေးချမ်းသာယာ လှတဲ့ ဒေသလေးကို အမြဲရောက်ချင်နေမိတယ်။
 
       မြစ်ကြီးနားနဲ့ ၁၃၂ မိုင်လောက်သာဝေးပြီး အလှမ်းမဝေးတဲ့ ပန်းကလေးလို့ပါတဲ့။ ဒါပေမယ့် အခုတော့ အလှမ်းဝေးရပြီ သွေးချင်းတို့ရဲ့ အစာရေစာရှားပါးတဲ့ ဒုဗ္ဘိက္ခ န္တရ ကပ် ခံစားနေရတော့ ကျင်နာသနားမိတယ်။ တို့ ကချင်ပြည်နယ်မှာ ဒုဗ္ဘိက္ခန္တရကပ် နဲ့ သတ္တန္တရကပ် တစ်ပြိုင်နက်ခံစားနေရတယ်။ ဒါကလည်း တို့ ကချင်လူမျိုးဝါဒကျင့်သုံး နေတဲ့ ဂျိမ်းဖောလူမျိုးခေါင်းဆောင်တဲ့ KIA တွေရဲ့  တို့ရ၀မ်-လီစူးအပေါ် ပေးတဲ့ လက်ဆောင်ပါလားလို့ တွေးမိရင် ရင်နာရတယ်၊ စစ်တပ်ကို KIA ကတိုက်တာ ၀ါဒမတူလို့ ဘာလို့ ညာလို့--- လက်ခံပါတယ်။ တို့ဆွမ်ပရာဘွမ်ဟာ လေယာဉ်၊ သင်္ဘော၊ ရထားလမ်းမရှိဘဲ အင်္ဂလိပ်ခောတ်က ဖောက်ထားပြီး န၀တ၊ နအဖ ခေတ်မှာ ပြင်ထားတဲ့ ၁၂ ပေလမ်းလေးပဲရှိတာလေ။ ဆွမ်ပရာဘွမ်ရောက်ဖို့ တံတား ကြီး/ငယ် ၁၀၀ ကျော်ဖြတ်ရတယ်။ ဒါကိုသိရက်နဲ့ KIA က တို့လမ်းကို မိုင်းခွဲ၊ တံတား ချိုးပြီး ကုန်စည်ဈေးတွေ တက်ခဲ့ရတယ်။ ဆင်းရဲပါတယ်ဆိုမှ ပြာပုံကျတဲ့---။ အခု ပွင့်လင်းရောက်လာလို့ အစိုးရက ယာဉ်တန်းနဲ့ ကုန်စည်ပို့ပါတယ်။ KIA ဂျိမ်းဖော တွေက ယာဉ်တန်းခြုံခိုတိုက်၊ မိုင်းဖောက်ခွဲ လုပ်နေပြန်ပြီ။ တို့ရ၀မ်လီစူးများကို KIA ပေးတဲ့လက်ဆောင်က ယူမကုန်တဲ့ အငတ်ဘေးလက်ဆောင်ပါလားလို့။
 
စင်္ကာပူဖီး

ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအား အချိန်ပိုခံစားခွင့် ပေးတော့မည်


                                   ဓါတ်ပုံ. မြန်မာ့ဆက်သွယ်ရေးဝန်ထမ်း
ကာကွယ်ရေးဝန်ကြီးဌာနမှအပ အစိုးရရုံး ဝန်ထမ်းများအား အချိန်ပိုတာဝန် ထမ်းဆောင်ရာတွင် ထိုက်သင့်သော ခံစားခွင့်များ ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်လိုက်သည်။ ရုံးဌာနအများစုသည် သတ်မှတ် ရုံးတက်ချိန်ထက် ကျော်လွန်ကာ ပိုမိုတာဝန် ပေးအပ်ထားမှုများကြောင့် ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင်နားနေချိန်နှင့် အားလပ်ချိန်များ မရှိသလောက် နည်းပါးနေကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းထုတ်ပြန်ချက်တွင် သတ်မှတ်ရုံးချိန် ဖြစ်သော နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအတွင်း၌သာ တာဝန်ထမ်းဆောင်ရန်နှင့် ရုံးဆင်းချိန်တွင် အတိအကျ ပြန်လည်စေလွှတ်ပေးရမည် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ မပြီးပြတ်သေး၍ သော်လည်းကောင်း၊ အရေးတကြီး လုပ်ဆောင်ရန် ရှိပါက တာဝန်ရှိသူနှင့် လိုအပ်သည့် ဝန်ထမ်းအရေအတွက်ကို ည ၇ နာရီတွင် ပြန်လည်ခေါ်ယူ တာဝန်ပေးအပ် သွားရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အချိန်ပိုတာဝန် ပေးအပ်ရာတွင် ဝန်ထမ်းများအတွက် ထိုက်သင့်သော ခံစားမှုများကို ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။ “ကာကွယ်ရေးဌာနလည်း မပါဘူး။ ကျွန်မတို့ဌာနတွေလည်း ပြည်ထဲရေးလက်အောက်မှာ ရှိနေတယ် ဆိုပေမယ့် ၂၄ နာရီ အချိန်ပြည့် တာဝန်ယူရတဲ့ အပိုင်းတွေ ပါတယ်။ မနက် ၉ နာရီ တန်းစီရတယ်။ ၉ နာရီခွဲရင် လုပ်ငန်းခွင် ဝင်ရတာပေါ့။ အချိန်ပိုကြေးဆိုတာ အစဉ်အလာ မရှိခဲ့ဘူး။ ခုလည်း ရမှာမဟုတ်ဘူးလို့ သိရတယ်။ ပြည်ထဲရေး လက်အောက်က ဌာနတွေမှာ ထွေ/အုပ်ဝန်ထမ်းတွေတော့ ခံစားခွင့်ရမှာပါ” ဟု Criminal Investigation Department (C.I.D) မှ အမျိုးသမီး အရာရှိတစ်ဦးက ပြောသည်။ အစိုးရဝန်ထမ်းများအား အများပြည်သူ အလုပ်ပိတ်ရက်များတွင် မလိုအပ်ပါက တာဝန်ပေးအပ်ခြင်း မပြုလုပ်ရန်နှင့် အရေးပေါ် လိုအပ်လာပါက အချိန်အကန့်အသတ်နှင့် အမှန်တကယ် လိုအပ်သည့် ဝန်ထမ်းအရေအတွက်ဖြင့်သာ တာဝန်ပေးအပ်သွား ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရုံးလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရန်အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့် လေ့ကျင်သင်ကြားပေးသွား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်သည် သင့်တော်ကောင်းမွန်သော အချက်ဖြစ်ပြီး အချိန်ပိုကြေးသည် သက်သာချောင်ချိရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာကြောင်း ဝန်ထမ်းအချို့က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

ထိုင်း ဘုရင်ကို စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်



ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင့်အမျိုးအနွယ်တွေကို အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းတဲ့ ဆောင်ပါးတွေကို ဖော်ပြမှုနဲ့ ထိုင်းမဂ္ဂဇင်းတခုဖြစ်တဲ့ Voice of Oppressed မဂ္ဂဇင်းအယ်ဒီတာ Somyot Pruk saka sem suk ကို ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက် ရာဇ၀တ်တရားရုံးက အခုလိုစီရင်ချက် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ ရှိတယ်လို့ Somyot ကပြောပါတယ်။

၂၀၁၀ တုန်းက Somyot ရဲ့မဂ္ဂဇင်းထဲမှာ ဒီဆောင်းပါး ၂ ပုဒ်ကို ဖေါ်ပြ
ခဲ့တာဖြစ်ပြီး မဂ္ဂဇင်းကိုလည်း အဲဒီအချိန်ကစပြီး အစိုးရက ပိတ်ပစ်ခဲ့တာပါ။

ဒီဆောင်းပါးတွေကို ကိုယ်တိုင်ရေးသားတာမဟုတ်ပေမယ့်လည်း သူဟာ ထိုင်းနိုင်ငံရဲ့ ရာဇ၀တ် ပုဒ်မ ၁၁၂ ဖြစ်တဲ့ ဘုရင်စံနစ်ကို စော်ကားသူအဖြစ်
ထောင်ဒဏ် ၁၅ နှစ်အထိ အပစ်ပေးနိုင်တဲ့ အမှုကို ကျူးလွန်ကြောင်း
တွေ့နေရတယ်လို့ တရားသူကြီးတွေက ပြောပါတယ်။

Somyot ဟာ ၂၀၁၁ ခုနှစ်ထဲ ထိုင်းနိုင်ငံက ရှပ်နီနိုင်ငံရေးလှုပ်ရှားမှုကို
ထောက်ခံသူဖြစ်ပြီး ပုဒ်မ ၁၁၂ နဲ့ ငြိစွန်းတဲ့ ဒီလှုပ်ရှားမှုစတင်ခဲ့ပြီး ၅ ရက်အကြာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို အသရေဖျက်မှုတခုကျူးလွန်ခဲ့မှုနဲ့လည်း နောက်ထပ် ထောင်ဒဏ်
တနှစ် ထပ်မံချထားခဲ့ပါတယ်။

VOA

ကမ္ဘာပေါ်တွင် တင်အကြီးဆုံးအမျိုးသမီး

အမေရိကန်ပြည်ထောင်စု Los Angeles တွင် နေထိုင်သော Mikel Ruffinelli ဟု အမည်ရှိသူ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့တင်အကြီးဆုံး အမျိုးသမီးဖြစ်နေကြောင်း သိရသည်။ သူမ၏ ကိုယ်အလေးချိန်သည် ပေါင် (၄၂၀)ရှိပြီး သူ၏တင်ပါးပတ်လည်ဟာ (၈)ပေရှိနေကြောင်း သိရသည်။ သူမ၏ခါးဟာ လက်မ(၄၀)ရှိကြောင်းလည်း သိရသည်။ သူမဟာ ကလေးလေးယောက် အမေဖြစ်ပြီး သူမ၏တင်ပါးဟာ ကလေးမွေးပြီးကတည်းက စတင်ကြီးထွားလာခဲ့တာဖြစ်ကြောင်း သိရသည်။ သူမက ပြောရာတွင် သူမဘယ်လောက်စားစား သူမ၏တင်သာ ပိုမိုကြီးလာတာဖြစ်ကြောင်း ပြောပြခဲ့သည်။ သူမကို သဘောအကျဆုံးကတော့ သူမနှင့် (၁၀)နှစ်တာ ကာလကြာအောင် လက်ထပ် ပေါင်းသင်းခဲ့သော အသက်(၄၀)နှစ်အရွယ် ခင်ပွန်းဖြစ်သူ Reggie Brooks ဖြစ်ပြီး သူက နေ့စဉ် သူမကိုယ်လုံးဘယ်လောက်လှကြောင်း ပြောပြခဲ့သည်ဟု သိရသည်။ Mikel Ruffinelli ဆယ်ကျော်သက်အရွယ်က ကိုယ်အလေးချိန် ပေါင်(၁၄၀)သာရှိပြီး တင်ကြီးကြီးတွေတော့ ရှိနေခဲ့တာပါ။ သူမ အသက်(၂၂)နှစ်အရွယ်မှာ အရင်အိမ်ထောင်နဲ့ Andrew လို့ခေါ်တဲ့ သားတစ်ယောက် မွေးဖွားခဲ့ပြီးနောက် ဝိတ်ပိုတက်လာခဲ့တာဖြစ်သည်။ သူမ ကိုယ်အလေးချိန် ၁၈၂ပေါင်တုန်းက တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၄)ရှိခဲ့ပြီး သူမ ကိုယ်အလေးချိန် ၂၃၈ပေါင်မှာ တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၈) ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က Mikel Ruffinelli ရဲ့ လက်ရှိအမျိုးသားဖြစ်သူ Reggie Brooks နဲ့ ဖူးစာဆုံခဲ့ပြီး အသက်(၁၃)နှစ်အရွယ် Destynee ၊ အသက်(၉)နှစ်အရွယ် Autumn နဲ့ အသက်(၇)နှစ်အရွယ် Justyce တို့သုံးယောက်ကို မွေးဖွားပြီးခဲ့ချိန်မှာတော့ သူမ၏ ကိုယ်အလေးချိန်ဟာ ပေါင်(၄၂၀) ရှိနေခဲ့ပြီး တင်ပါးအရွယ်အစားကတော့ နံပါတ်(၃၀) ဖြစ်လာခဲ့တာဖြစ်ကြောင်း သိရသည်။ သူမရဲ့ ခန္ဓာကိုယ်အလှအပေါ် ထားရှိသော သူမ၏ ယုံကြည်ချက်ကြောင့် လွန်ခဲ့တဲ့ ကျော်ခန့်ကတည်းက Big Beautiful Women website တွင် သူမဟာ မော်ဒယ်တစ်ဦးအဖြစ် ဓါတ်ပုံအရိုက်ခံခဲ့ပြီး သူမအား ဓါတ်ပုံတစ်ကြိမ်ရိုက်တိုင်း ဒေါ်လာတစ်ထောင်အထိ ဈေးရရှိခဲ့ကြောင်း သိရသည်။ 

 Source : Daily Mail 

 ပုံရိပ်(burmesehearts.com)

ဖားကန့်မြို့ပေါ် အရပ်သားနေအိမ်ကို အသုံးပြုပြီး တိုက်ခိုက်သော KIA အထိနာသွား၊ အရပ်သားဟု လိမ်လည်ကာ ဒဏ်ရာရ သူမှ ဖားကန့်ဆေးရုံတွင် ဆေးကုသခံယူနေ

ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက်အတွင်းနေထိုင်သော ကိုအောင်စိုးလွင်နှင့်ဒေါ်အာပူ နေအိမ်သို့ ရောက်ရှိလာပြီ နေအိမ်ပေါ်မှ လူများ အောက်သို့ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။ ၄င်းနောက် အဆိုပါ KIA အကြမ်းဖက်သောင်းကျန်းသူများသည် နေအိမ် ပြတင်းပေါက်မှ လှမ်းမြင်တွေ့ရသော တပ်မတော် စခန်းကုန်း ရတခလ(၂၂၉)၊ ခန္တီး အခြေစိုက် တပ်ခွဲအဆင့်ထိုင် စခန်းကုန်းကို လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။ KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဖားကန့်မြို့ပေါ်အတွင်း အေးချမ်းစွာ နေထိုင်လိုသော တိုင်းရင်းသားများအား ခုတုံလုပ်ကာ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်ခြင်းသည် လွန်စွာမှပင် သေးသိမ့် သည့် တိုက်ကွက်ဖေါ်မှု တစ်ခုသာ ဖြစ်ပါသည်။ တပ်မတော် စစ်ကြောင်းမှ အရပ်သားများနေအိမ်မှ စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေသည့် အတွက် ပြန်လည် ပစ်ခတ်ရန် တုံ့ဆိုင်းနေကြောင်း သိရှိရပါသည်။ သို့သော် လက်နက်ငယ်များအပြင် အဆိုပါခြံဝန်းအတွင်းမှ RPJ ဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူများမှ တိုက်ခိုက်လာသောအခါ စခန်းကုန်းမှ ၆၀ မမ စိန်ပြောင်းဖြင့် အဆိုပါ နေအိမ်သို့ ပြန်လည်ချိန်ရွယ် ကာ (၂)လုံးပစ်ခတ်ခဲ့ရကြောင်း သိရှိရပါသည်။ တပ်စခန်းကုန်းမှ မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်သည့် ၆၀ မမဗုံးသီး တစ်လုံးသည် ရန်သူခိုအောင်းနေသော နေအိမ်ပေါ်သို့တည်မတ်စွာ ကျရောက်ခဲ့သည့်အတွက် KIA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် တိုက်ပွဲတွင် တပ်မတော်မှ ထိခိုက်မှုမရှိ အရပ်သားနေအိမ်အား ခုတုံးလုပ်တိုက်ခိုက်သော KIA အကြမ်းဖက်သောင်းကျန်းသူများထဲမှ ဇော်ဒိန်း(၂၃)နှစ်၊ (ဘ) ဦးနော်ဆိုင်း သည် ယာပေါင်၊ ယာလက်နှင့် ၀မ်းဗိုလ်များတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရသွားသည့် KIA အကြမ်းဖက်သောင်းကျန်းသူ ဇော်ဒိန်း(၂၃)နှစ်အား ရပ်ကွက်အတွင်းမှ ဂျိန်းဖေါ်တိုင်းရင်းသား တစ်ချို့မှ အရပ်သားဟု လိမ်လည်ကာ ဖားကန့် ဆေးရုံသို့ ယနေ့ (၁၉-၁-၂၀၁၃)ရက်နေ့ (၀၈၀၀)ချိန်တွင် ဆေးဝါးကုသစေရန် တင်ပို့ထားကြောင်း သိရှိရပါသည်။ ခေတ်သစ်