Browse » Home » » ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲ

ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲ





မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့”မှ ဥပဒေ မူကြမ်း တစ်ရပ် ရေးဆွဲခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင်း အဝေးပြေးနှင့် မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ပုဂ္ဂလိကပိုင်မော်တော်ယာဉ် ပြေးဆွဲမှုများတွင် စနစ်တကျပြေးဆွဲနိုင်ရေး၊ ခရီးသွား ပြည်သူများနှင့် ကုန်စည်ပို့ဆောင်မှုတွင် လုံခြုံစိတ်ချမှု အပြည့်အ၀ ရရှိနိုင်ရေးနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး နှုန်းထားများ သင့်တင့်မျှတမှု ရရှိနိုင်ရေးအတွက် အဆိုပါ ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ကြောင်း သိရသည်။
ရေးဆွဲခဲ့သော ဥပဒေမူကြမ်းတွင် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၁၂ ခန်း ပါဝင်လျက်ရှိပြီး အခန်းသုံးနှင့် လေးတွင် ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ပိုင်ခွင့်များ ပါဝင်ကြောင်း၊ အခန်း ခုနစ်နှင့် ရှစ်တွင် အခွန်အခ သတ်မှတ်ခြင်းနှင့် ဘဏ္ဍာရေး၊ အခန်း ၁၁ တွင် ကော်မတီမှ ချမှတ်သည့် စည်းကမ်းများအား လိုက်နာမှု မရှိသည့် ပုဂ္ဂလိက မော်တော်ယာဉ်များအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ကြောင်း သိရသည်။
အထက်ပါ ဥပဒေ မူကြမ်းသည် ၁၉၆၃ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေ၊ ၁၉၆၄ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေ၊ ၁၉၆၅ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ စည်းကမ်းဥပဒေ၊ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉၈ တို့နှင့် မဆန့်ကျင်သမျှ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment