Browse »
Home »
mynamarnew
» မလေးကိုသွားတဲ့ ခိုးလှေ နစ်ရာမှ တစ်ဦးသေ၊ နှစ်ဦး ပျောက်ဆုံး
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကနေ မလေးရှားနိုင်ငံကို လူမှောင်ခို တင်ပို့တဲ့
စက်လှေ တစ်စီး ပင်လယ်ပြင်မှာ နစ်သွားတဲ့ အတွက် လူတစ်ဦး သေဆုံးပြီး နှစ်ဦး
ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။လူပေါင်း ၃၃ ဦးကို တင်ဆောင်လာတဲ့ အဲဒီ
လူမှောင်ခို စက်လှေဟာ စနေနေ့ နံနက် (၄) နာရီခန့်မှာ ဘင်္ဂလာ ပင်လယ်အော်
အတွင်းက ဆားပြင်ကမ်းခြေမှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ် Hoykong ကျေးရွာ အုပ်စု
Unciprong ကျေးရွာက အဘူကာလန် (၃၅) နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့ အလောင်းကို ဆားပြင် ကမ်းခြေက ကောရာမောက်ရွာ အနီးက ပင်လယ်ထဲမှာ မနေ့က
နေ့လည် (၁) နာရီမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလာရဲက ပြောပါတယ်။ ကျန်တဲ့
နှစ်ဦးကတော့ အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
လူပေါင်း ၃၀ ကတော့ ကမ်းခြေကို ရေကူးပြန်လာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး
ဂျာဟစ် ဟူစိန်က ဒီသတင်းကို သတင်းထောက်တွေကို အတည်ပြု ပြောကြားပါတယ်။
Rapid Action Battalion (RAB) လို့ ခေါ်တဲ့ ဘင်္ဂလာ အထူး မူခင်း
နှိမ်နှင်းရေး တပ်ဖွဲ့က မလေးကို စက်လှေတွေနဲ့ အတူ ပင်လယ်ဖြတ်ပြီး အလုပ်
ခိုးသွားလုပ်ဖို့ စီစဉ်နေသူ လူပေါင်း ၁၃၃ ကို ကော့စ်ဘဇားမြို့မှာ ဧပြီ ၃
ရက်နဲ့ ၄ ရက် နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ သတင်းစာတွေမှာ
ဖေါ်ပြပါတယ်။
သူတို့တွေဟာ ဘယ်နိုင်ငံက လူတွေ ဖြစ်တယ်ဆိုတာ သတင်းမှာ တိတိကျကျ ဖေါ်ပြထားခြင်း မရှိပါ။
နိရဉ္စရာသတင်းဌာန
0 comments:
Post a Comment